
လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ( သဘောတရားနှင့်အခြေအနေများ ) လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ စစ်အေးခေတ်အလွန်ကာလ ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်များနှင့်အတူ ပေါ်ပေါက်လာသည့် သဘောတရားအသစ်တစ်ခုဖြစ်ပါသည်။ ထိုအယူအဆသည် လုံခြုံရေးဆိုင်ရာ အင်စတီကျုးရှင်းများအနေဖြင့် ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှု များ၊ ဒီမိုကရေစီရင့်သန်လာမှုများ၊ ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များ အတွက် အရေးပါသော အင်္ဂါရပ်များ ဖြစ်သည့် အကျိုးသက်ရောက်မှုရှိစွာတည်ရှိခြင်း နှင့် တာဝန်ခံမှုရှိခြင်း စသည့် အခြေခံသဘောတရား နှစ်ခုအပေါ်တွင် အခြေတည်ပြီး ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ တိတိကျကျ ပြောရမည် ဆိုပါလျှင် အဆိုပါအင်္ဂါရပ် နှစ်ခုနှင့် ပြည်စုံသည့် လုံခြုံရေးဆိုင်ရာ အင်စတီကျူးရှင်းများ ဖြစ်လာ စေရန်အတွက် အဆင့်ဆင့်ပြုပြင်ပြောင်းလဲရသည့် နိုင်ငံရေးဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ သက္ကရာဇ် ၁၉၉၀ အစောပိုင်းကာလများမှ စတင်ပြီး လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး အယူအဆ သည်နိုင်ငံတကာဖွံဖြိုးတိုးတက်မှုအကူအညီများ၊ ဒီမိုကရေစီစနစ်အားကောင်းလာစေခြင်းများ၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဖြစ်စဉ်များ ကိုအဓိ...