လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး(သဘောတရားနှင့်အခြေအနေများ)


လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ စစ်အေးခေတ်အလွန်ကာလ ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်များနှင့်အတူ  ပေါ်ပေါက်လာသည့် သဘောတရားအသစ်တစ်ခုဖြစ်ပါသည်။ ထိုအယူအဆသည် လုံခြုံရေးဆိုင်ရာ အင်စတီကျုးရှင်းများအနေဖြင့် ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှု များ၊ ဒီမိုကရေစီရင့်သန်လာမှုများ၊ ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များ အတွက် အရေးပါသော အင်္ဂါရပ်များ ဖြစ်သည့် အကျိုးသက်ရောက်မှုရှိစွာတည်ရှိခြင်း နှင့် တာဝန်ခံမှုရှိခြင်း စသည့် အခြေခံသဘောတရား နှစ်ခုအပေါ်တွင် အခြေတည်ပြီး ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ တိတိကျကျ ပြောရမည် ဆိုပါလျှင် အဆိုပါအင်္ဂါရပ် နှစ်ခုနှင့် ပြည်စုံသည့် လုံခြုံရေးဆိုင်ရာ အင်စတီကျူးရှင်းများ ဖြစ်လာ
စေရန်အတွက် အဆင့်ဆင့်ပြုပြင်ပြောင်းလဲရသည့် နိုင်ငံရေးဖြစ်စဉ်တစ်ခုဖြစ်ပါသည်။
သက္ကရာဇ် ၁၉၉၀ အစောပိုင်းကာလများမှ စတင်ပြီး လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး အယူအဆ သည်နိုင်ငံတကာဖွံဖြိုးတိုးတက်မှုအကူအညီများ၊ ဒီမိုကရေစီစနစ်အားကောင်းလာစေခြင်းများ၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဖြစ်စဉ်များ ကိုအဓိကနေရာမှ ပုံဖော်ဖန်တီးခဲ့ပါသည်။ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး အယူအဆကို မူဝါဒတစ်ခုအဖြစ် ဖန်တီးခြင်းကြောင့် အဓိကအရွေ့ () ခုကို တွေ့ရှိရပါသည်။ အရွေ့ တစ်ခုအနေဖြင့် နိုင်ငံတကာအလှူရှင်များ အနေဖြင့် လုံခြုံရေး သည် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်၏ အစိတ်ပိုင်း တစ်ခုဖြစ်ကြောင်း လက်ခံခဲ့ကြခြင်းဖြစ်ပါသည်။ ဒုတိယတစ်ခုအနေဖြင့် ကမ္ဘာတစ်ဝန်းလုံးမှ  ပဋိပက္ခအလွန် လုံခြုံရေးကဏ္ဍများပြန်လည် တည်ဆောက်ရေးဖြစ်စဉ်များတွင် နိုင်ငံတကာ အသိုင်းအဝိုင်းများ ၏ ပါဝင်ပတ်သက်မှုများ (အထူးသဖြင့် ၉/၁၁ ဖြစ်စဉ်နောက်ပိုင်းတွင်) နှင့် နောက်ဆုံးတစ်ခုအနေဖြင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးသည် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်များ၏ မရှိမဖြစ်အရေးပါသော ဖြစ်စဉ်တစ်ခုအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အသိအမှတ်ပြုလက်ခံလာကြခြင်းတို့ဖြစ်သည်။ (ဥပမာ တစ်ခုအနေဖြင့် အာရပ်နွေဦးဟု ခေါ်ဝေါ်ကြသော အာရပ်နိုင်ငံများ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှု ပုံသဏ္ဍန် များကို တွေ့နိုင်ပါသည်။)

လုံခြုံရေးဆိုသည်မှာအဘယ်နည်း နှင့် မည်သူတို့၏ လုံခြုံရေးနည်း။

          လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး သည် လုံခြုံရေးဆိုင်ရာ ပြဌာန်းချက်များနှင့် အဓိကသက်ဆိုင် သော်လည်း မည်သူတို့၏ လုံခြုံရေးဆိုသည်ကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ စစ်အေးခေတ် မတိုင်မှီ ကာလများတွင် လုံခြုံရေးဆိုသည်မှာ စစ်ရေးပေါ်တွင် အခြေတည်ပြီး ပြင်ပမှ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်ခြင်းနှင့်သာ သက်ဆိုင်သည်ဟု မှတ်ယူခဲ့ကြပါသည်။ အဆိုပါကျဉ်းမြောင်းသော အယူအဆသည် အမျိုးသားလုံခြုံရေး (National Security) အတွက် ကာကွယ်ရန်ဟူသည့် အယူအဆ ပေါ်တွင် အခြေတည်ပြီး စဉ်းစားခြင်းဖြစ်ပါသည်။ သို့သော် စစ်အေးခေတ်အလွန်ကာလတွင် လုံခြုံရေး ဆိုင်ရာ အယူအဆသည် ပိုမိုပြီးကျယ်ပြန့်လာခဲ့ပြီး လူသားတစ်ဦးတစ်ယောက်ချင်းစီ၏ အသက်ရှင်ရပ်တည်ရေး အတွက် ခြိမ်းခြောက်နေသော အရာများအထိပါ စဉ်စားလာခဲ့ကြပါသည်။ ထိုအယူသည် လူသားလုံခြုံရေး (Human Security) အပေါ် တွင် အခြေတည်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အရေး စသည့် များစွာသော အရေးအရာများကိုပါ ထည့်သွင်းစဉ်းစားရသည့် ကျယ်ပြန်သော အယူအဆတစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ ပါသည်။


ကျဉ်းမြောင်းသော လုံခြုံရေးဆိုင်ရာအယူဆ
ကျယ်ပြန်သော လုံခြုံရေးဆိုင်ရာအယူအဆ

လုံခြုံရေးဆိုသည်မှာ?

စစ်ရေးအရလုံခြုံရေးပေါ်တွင် အခြေခံသည်။
စစ်ရေးမဟုတ်သည့် အခြားသော
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင် တို့၏ လုံခြုံရေးပေါ်တွင် အခြေခံသည်။
မည်သူ့အတွက်လုံခြုံရေးနည်း?
နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး
(National Security)
ကိုအခြေခံသည်
နိုင်ငံသားတစ်ဦးချင်းစီ၏ လူသားလုံခြုံရေး
(Human Security)
ကိုအခြေခံသည်။

ဇယား () လုံခြုံရေးဆိုင်ရာအယူအဆများ။



ရှုပ်ထွေးပြီး အပြန်အလှန်အမှီသဟဲပြုလျှက်ရှိသည့် စစ်ရေးမဟုတ် အခြားသောလုံခြုံရေးဆိုင်ရာ ဆက်စပ်မှု များဖြစ်သော စီးပွားရေးဖွံဖြိုးတိုးတက်မှုများ၊ လူမှုတရားမျှတမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း၊ ဒီမိုကရေစီ ဖြစ်ထွန်းလာခြင်း၊ လူအခွင့်အရေးအပေါ် လးစားလိုက်နာခြင်း နှင့် တရားဥပဒေစိုးမိုးခြင်း တို့သည် လုံခြုံရေးဆိုင်ရာ စဉ်းစားချက်များတွင် ကမ္ဘာနှင့်အဝန်း ထည့်သွင်း စဉ်းစားရမည့် ကိစ္စရပ်များဖြစ်ကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းအရေးမှုးဟောင်း ဖြစ်သည့် ကိုဖီအာနန် က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အထူးသဖြင့် ရာသီဥတု နှင့် အရင်းအမြစ်ဆိုင်ရာ ( စွမ်းအင် နှင့် အစားအစာ) လုံခြုံရေးပြသနာများသည် အဓိက ခြိမ်းခြောက်နေသော ကိစ္စရပ်များဖြစ်ပြီး ကဏ္ဍစုံ နှင့် ဆက်စပ်နေသောကြောင့် ကိုင်တွယ်ဖြေရှင်းရန်လည်း ခက်ခဲလှပါသည်။ ထို့အပြင် စစ်ရေးဆိုင်ရာ လုံခြုံရေး ကို ခြိမ်းခြောက်လာသောအရာများသည်လည်း ၁၉၉၀ ခုနစ်မှ စတင်ပြီး ပြောင်းလဲလာခဲ့ပါသည်။ ၉/၁၁ ဖြစ်ရပ် နောက်ပိုင်းတွင် ပိုပိုဆိုးရွားသော ပြည်တွင်စစ်များ၊ အသွင်သဏ္ဍန်မျိုးစုံဖြင့် ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်တိုက်ခိုက်ခံရမှုများ၊ နည်းလမ်းပေါင်း စုံဖြင့်ဖြစ်ပွားလာသော စစ်ပွဲများ အစရှိသည်တို့သည် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ မြင်ကွင်းများကိုသိသိသာသာ ပြောင်းလဲစေခဲ့ပါသည်။ ထိုလုံခြုံရေးဆိုင်ရာ ပြသနာများကို စဉ်းစားဆောင် ရွက်ကြရာတွင် လူသားလုံခြုံရေး (Human Security) နှင့်အတူ နိုင်ငံများ၏ အမျိုးသားလုံခြုံရေး (National Security) များကိုပါ ပြန်လည် ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း ပညာရှင်များက ထောက်ပြပြောဆိုလာခဲ့ကြပါသည်။
          အခြားတစ်ဖက်တွင်လည်း ကမ္ဘာကြီး၏ ကမ္ဘာပြုမှုဖြစ်စဉ် (Globalization) ကြောင့် အမျိုးသား လုံခြုံရေး၏ အရေးပါမှုသည် လျော့ကျလာသဟန် ရှိပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအတွင်းတွင်ဖြစ်ပွားသော စစ်ပွဲအရေအတွက်များမြှင့်တက်လာခြင်း နှင့် နိုင်ငံတည်ထောင်မှုဖြစ်စစ် ကျရှုံးသော နိုင်ငံများ များပြားလာခြင်းတို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူသားလုံခြုံရေး အယူအဆကို ကိုင်စွဲပြီး အကာအကွယ်ပေးရန် လိုအပ်သည် ဟူသော အမြင်တစ်ရပ်ကို ကိုင်စွဲလာခဲ့ကြပြန် ပါသည်။ အမှန်တကယ်မှာ သမရိုးကျမဟုတ်သော နိုင်ငံတည်ထောင်မှု ပုံစံများကြောင့် နိုင်ငံသားတစ်ဦး တစ်ယောက်ချင်းစီ နှင့် လူ့အဖွဲ့အစည်းတို့၏ လုံခြုံရေးကို ထိခိုက်လာခြင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ ၏ ထောင်စုနှစ်အစီအရင်ခံစာတွင် နိုင်ငံအတွင်းတွင်ဖြစ်ပွားသော ပိပက္ခများကြောင့် လူသားတစ်ဦးချင်းစီ ၏ လုံခြုံရေး (Human Security) နှင့် လူ့အဖွဲ့အစည်းတို့၏ လုံခြုံရေး (Community Security) ကို ထိခိုက်လာသည်ဖြစ်လုံခြုံရေးဆိုင်ရာ မူဝါဒများ၊ အစီအမံများသည် လူသားဗဟိုပြုမှု ပုံစံသို့ပြောင်းလဲ စဉ်းစားကြရန် လိုအပ်ကြောင်းကို အတိအလင်း ထုတ်ဖော်ပြသခဲ့ပါသည်။ ထို့အပြင် လူသားတစ်ဦး တစ်ယောက်ချင်းစီအတွက် လုံခြုံရေးအရ ခြိမ်းခြောက်နေသော မြေမြုပ်မိုင်းများ၊ ပြန့်ကျဲနေသော လက်နက် ငယ်များ၊ လူကုန်ကူးမှုအန္တရာယ်များကို “ကြောက်ရွံခြင်းမှလွတ်မြောက်ခြင်း (Freedom from Fear)” နှင့် လူသား မျိုးနွယ်စုဖွံဖြိုးတိုးတက်မှုအတွက် ခြိမ်းခြောက်နေသော စီးပွားရေး၊ အစားအစာ၊ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် လုံခြုံရေးတို့ကို “လိုအင်ဆန္ဒများမှလွတ်မြောက်ခြင်း (Freedom from Want)” ဟူ၍ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
          တစ်ခါတစ်ရံတွင် လုံခြုံရေးဆိုင်ရာအကြောင်းအရာများသည် နိုင်ငံရေးအရအာရုံစိုက်စရာ ကိစ္စများ
ဖြစ်လာပြီး စစ်ရေးအရအကန့်အသတ်ဖြစ်နေသော အခြေအနေတစ်ခုတွင် လုံခြုံရေးဆိုင်ရာဖြစ်စဉ်သည်
ပြသနာများကိုဖြေရှင်းရန်အတွက် ရွေးချယ်စရာ မဟာဗျူဟာတစ်ခုအဖြစ် ရှုမြင်လာခဲ့ကြပါသည်။   အဆိုပါဖြစ်စဉ်ကို မတူညီသော အမြင်ရှုထောင့် (၂) ခုမှ ဝေဖန်ပိုင်းကြပြီး ပထမတစ်ခုမှာ စစ်ရေးအရလုံခြုံရေးကို ချဉ်းကပ်သော ရှုထောင့်သည် အလုံးစုံသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ခြုံငုံခြင်းမရှိ ဆိုသည်ကို ပိုမိုရှင်းလင်းပြတ်သား စေခဲ့ပါသည်။ ဒုတိယတစ်ခုမှာ စစ်ရေး တစ်ခုတည်းကို အခြေမခံသော လုံခြုံရေးဆိုင်ရာရှုမြင် သုံးသပ်ပုံသည် ပိုမိုပြီး ထိရောက်သောကြောင့် ယထာဘူတကျကျ ရွေးချယ်စရာ အမြင်တစ်ခုဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် စစ်ရေးတစ်ခုတည်းကို အခြေမခံသည့် လူသားလုံခြုံရေးဆိုင်ရာ သဘောတရားများသည် နိုင်ငံတကာမူဝါဒများနှင့် အပြုအမူများကို တစစနှင့် ပုံပ်ါလာခဲ့ပါသည်။
                                                                                               ကျော်ထက်အောင်

Comments