Posts

Image
လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ( သဘောတရားနှင့်အခြေအနေများ ) လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ စစ်အေးခေတ်အလွန်ကာလ ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်များနှင့်အတူ   ပေါ်ပေါက်လာသည့် သဘောတရားအသစ်တစ်ခုဖြစ်ပါသည်။ ထိုအယူအဆသည် လုံခြုံရေးဆိုင်ရာ အင်စတီကျုးရှင်းများအနေဖြင့် ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှု များ၊ ဒီမိုကရေစီရင့်သန်လာမှုများ၊ ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များ အတွက် အရေးပါသော အင်္ဂါရပ်များ ဖြစ်သည့် အကျိုးသက်ရောက်မှုရှိစွာတည်ရှိခြင်း နှင့် တာဝန်ခံမှုရှိခြင်း စသည့် အခြေခံသဘောတရား နှစ်ခုအပေါ်တွင် အခြေတည်ပြီး ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ တိတိကျကျ ပြောရမည် ဆိုပါလျှင် အဆိုပါအင်္ဂါရပ် နှစ်ခုနှင့် ပြည်စုံသည့် လုံခြုံရေးဆိုင်ရာ အင်စတီကျူးရှင်းများ ဖြစ်လာ စေရန်အတွက် အဆင့်ဆင့်ပြုပြင်ပြောင်းလဲရသည့် နိုင်ငံရေးဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ သက္ကရာဇ် ၁၉၉၀ အစောပိုင်းကာလများမှ စတင်ပြီး လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး အယူအဆ သည်နိုင်ငံတကာဖွံဖြိုးတိုးတက်မှုအကူအညီများ၊ ဒီမိုကရေစီစနစ်အားကောင်းလာစေခြင်းများ၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဖြစ်စဉ်များ ကိုအဓိ...
Image
အမျိုးသားမြေအသုံးချမှုဆိုင်ရာမူဝါဒလေ့လာသုံးသပ်ချက်           ပထဝီအနေအထားဆိုင်ရာသတ်မှတ်ချက်များအပေါ်မူတည်ပြီးနိုင်ငံတစ်နိုင်ငံ၏နယ်နိမိတ်၊အချုပ်အခြာအာဏာ၊အကျိုးစီးပွားအစရှိသောအရာတို့သည်အများကြီးမူတည်နေပေသည်။နိုင်ငံတစ်နိုင်ငံ၏မြေလွတ်၊မြေရိုင်းများပေါများခြင်းသည်ထိုနိုင်ငံ၏စီးပွားရေး၊လူမှုရေးအစရှိသောတန်းဖိုးများအပေါ်တွင်ရာနှုန်းပြည့်နီးပါးအကျိုးသက်ရောက်မှုရှိနေပေသည်။ထိုအကျိုးစီးပွားများ၏နောက်ဆက်တွဲပြသနာများအနေဖြင့်နိုင်ငံတစ်နိုင်ငံ၏မြေယာများကိုနိုင်ငံပိုင်သယံဇာတတစ်ခုအဖြစ်အလွန်အမင်းစီမံခန့်ခွဲနေခြင်းသည်လည်းနိုင်ငံတွင်းလူတန်းစားကွာဟမှုပြသနာများ၊အသုံးချပိုင်ခွင့်အခွင့်အရေးများအတွက်အငြင်းပွားဖွယ်ပြသနာများ၊စီးပွားရေးဖွံဖြိုးတိုးတက်မှုနှောင့်နှေးခြင်းပြသနာများအပြင်အကြမ်းဖက်မှုများဆီသို့ပင်ဦးတည်စေတတ်ပါသည်။ထိုပြသနာများသည်ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများ၏အဓိကပြသနာများအဖြစ်ဟုပင်ပညာရှင်များကထောက်ပြဝေဖန်မှုများရှိကြပါသည်။မည်သည့်စီးပွားရေးစနစ်ကိုကျင့်သုံးသည်ဖြစ်စေမြေယာပိုင်ဆိုင်မှု၊အသုံးချမှုဆိုင်ရာပြသနာများကိုနည်းလမ်းမှန်ကန်စွာဖြေရှင်းခြင်းမပြု...
Image
စက်မှုလုပ်ငန်းများတိုးတက်လာခြင်းနှင့်ရေရှည်တည်တံ့သောဖွံဖြိုးတိုးတက်မှု လူ့သမိုင်းတစ်လျှောက်လုံးတွင်လူသားတို့သည်အဆင့်ဆင့်သောခေတ်ပြောင်းတော်လှန်ရေးများကို ဖြတ်သန်းလာခဲ့ရပြီးလူသားတို့၏အသိညာ ဏ်တိုးတက်လာသည်နှင့်အမျှတိုးတက်ပြောင်းလဲမှုများသည် လည်းအရှိန်အဟုန်မြင့်မားလာခဲ့ပေသည်။နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအစရှိသောအရာများပေါ်တွင်သက် ရောက်မှုရှိသော”စက်မှုတော်လှန်ရေး”သည်လည်းလူ့သမိုင်း၏အရေးပါသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ပါ သည်။ပညာရှင်အများစုက”ပထမအကြိမ်စက်မှုတော်လှန်ရေး”ကို၁၈ရာစုအစောပိုင်းတွင်ဂရိတ်ဗြိတိန်၌ စတင်ဖြစ်ပွားခဲ့သည်ဟုသတ်မှတ်ကြပြီး”ဒုတိယအကြိမ်”ကိုမူ၁၉ရာစုတွင်အခြားသောဥရောပနိုင်ငံများနှင့်အမေရိကတွင်၎င်း”တတိယအကြိမ်”ကိုမူ၂၀ရာစုတွင်ဂျပန်နှင့်အရှေ့အာရှနိုင်ငံများတွင်၎င်းဖြစ်ပွားခဲ့သည်ဟုသတ်မှတ်ထားကြပါသည်။စက်မှုတော်လှန်ရေးဆိုသည်မှာယခင်ကလက်မှုလုပ်ငန်းနေရာများတွင်စက်ကိရိ ယာများကိုအစားထိုးသုံးစွဲလာကြပြီးကုန်ထုတ်လုပ်ငန်းများကိုအချိန်တိုတိုအတွင်းမှာအရေအတွက်များများ ထုတ်လုပ်လာနိုင်သောဖြစ်စဉ်ဟုအကြမ်းဖျင်းအားဖြင့်ဆိုနိုင်ပေသည်။စက်မှုနိုင်ငံဆိုသည်မှာလည်းနိုင်ငံ၏ကုန်ထုတ်လုပ်မှုအများစုတွင်စက်မှုလုပ်အ...