လုံခြုံရေးဏ္ဍပြုပြင်ပြောင်းလဲရေး.......


အင်ဒိုနီးရှားနိုင်ငံရဲ့လုံခြုံရေးဏ္ဍပြုပြင်ပြောင်းလဲရေး ထဲမှာ စစ်တပ်ပြုပြင်ပြောင်းလဲရေးထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးပဲ။ ၁၉၉၈ ခုနစ်မှာ "Reformasi" လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တာနဲ့တစ်ပြိုင်နက်တည်းမှာ National Armed Forces ကနေပြီး ရဲတပ်ဖွဲ့ကို Indonesian National Police (INP) (သူတို့အခေါ်တော့ POLRI) ဟာ အရပ်သားအုပ်ချုပ်မှုအောက်ထဲကို ရောက်လာတယ်။ သမ္မတကို တိုက်ရိုက်အစီရင်ခံတယ်။ အချိန်အကြာကြီး စစ်တပ်အောက်မှာ နေခဲ့တဲ့ ရဲတပ်ဖွဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ အစစအရာရာ အခက်အခဲနဲ့ တွေ့ခဲ့ရတယ် ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ကို Structure, Behavior, Performance ဆိုတဲ့ ရှုထောင့်သုံးခုနဲ့ ပြောင်းလဲတယ်။ Structure အပြောင်းအလဲက သိပ်မခက်ပေမယ့် Behavior နဲ့ Performance အပြောင်းအလဲက ပိုခက်ခဲတယ်တဲ့။ အရိုးစွဲနေတဲ့ လုပ်ထုံး၊လုပ်နည်းတွေနဲ့ လူထုကရဲတပ်ဖွဲ့အပေါ်မြင်တဲ့ အမြင်တွေက အကြီးမားဆုံး စိန်ခေါ်မှုတွေဖြစ်တယ် ဆိုပြီး ပြောတယ်။ ၁၉၉၉ ခုနစ်မှာ Blue Book ဆိုပြီး ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် စာအုပ်တွေထုတ်တယ်။ ပြီးတော့ ၂၀၀၂ ခုနစ် ဘာလီဗုံးပေါက်ကွဲမှုအပြီးမှာ ရဲတပ်ဖွဲ့အနေနဲ့ ပိုပြီးပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာခဲ့ရတယ်။ အထူးသဖြင့် အကြမ်းဖက်မှုတန်ပြန်နှိမ်နှင်းရေး လုပ်ငန်းစဉ်တွေမှာ အာရုံစိုက်ပြီး ပိုလုပ်လာတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်က အင်ဒိုနီးရှားရဲ့ လုံခြုံရေးဏ္ဍပြုပြောင်းလဲရေးကို တောင်လျှောက် အကူအညီတွေပေးပြီး (ဒါကလည်း သူတို့ဆီမှာ 9/11 ဖြစ်ပြီးမှ War on Terrorism အတွက် မိတ်ဖက်ရှာရင်းဖြစ်လာတာ) တခြားနိုင်ငံတွေဖြစ်တဲ့ Australia, Japan, Britain တို့ကလည်း Community Policing အတွက် အဓိက အကူအညီတွေပေးခဲ့ကြတယ်။ တချို့စာရင်းတွေအရဆိုရင် အင်ဒိုနီးရှားရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတကာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ 50 million လောက်တောင်ရရှိပြီး တခြားနည်းပညာဆိုင်ရာ အကူအညီတွေလည်း အများကြီးရခဲ့တယ်လို့ဆိုတယ်။ အဲ့လိုပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမယ် အရပ်ဖက်အဖွဲ့အစည်းတွေက အရေးကြီးတဲ့နေရာကနေပါဝင်ခဲ့ကြတယ်တဲ့။ မြန်မာနိုင်ငံမှာလည်း ဒါမျိုး ဘယ်တော့များမှ လုပ်နိုင်ကြမလဲ မသိ။ အခုတော့ တစ်ခုတည်းသော ဘလာဘလာမှာ တိုင်ပတ်နေကြ။

Comments