ပွဲတော်
လူ့ယဉ်ကျေးမှုများတိုးတက်ပြောင်းလဲလာမှုနှင့်
အညီ လူသားများသည် ပွဲတော်များ၊ အခမ်းအနားများ ဆင်ယင်ကျင်းပကြပြီး ထိုသို့ပွဲတော်များ၊
အခမ်းအနားများ ဆင်ယင်ကျင်းပခြင်းသည်ပင်လျှင် လူသားဖြစ်တည် မှု၏ လိုအပ်ချက်တစ်ခုအနေနှင့်
လူ့သမိုင်းအဆက်ဆက်တွင် လက်ခံကျင့်သုံးလာခဲ့ကြပါသည်။ နှစ်ကာလ ကြာမြင့်လာသည်နှင့် အမျှ
သမားရိုးကျမဟုတ်သော၊ စနစ်တကျမပြင်ဆင်ထားသော ပွဲတော်များ၊ အခမ်းအနား များ မှသည် ကောင်းမွန်စွာပြင်ဆင်ထားသော၊
စနစ်တကျစီမံခန့်ခွဲထားရှိသော ပွဲတော်များ၊ အခမ်းအနားများ သို့ တိုင်အောင် အဆင့်ဆင့်
ဖြတ်သန်းလာခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ကျောင်းသားဟောင်းများတွေ့ဆုံပွဲ၊ မိသားစုတွေ့ဆုံပွဲ
ကဲ့သို့သော သေးငယ်သော ပွဲတော်များ၊ အခမ်းအနားများမှ အစ နိုင်ငံတကာအားကစားပွဲကြီး များ၊
နိုင်ငံ့ခေါင်းဆောင်များ၏ စုံညီအစည်းအဝေးပွဲ ကြီးများအဆုံး လူသားမျိုးနွယ်စု၏ ပွဲတော်များအပေါ်
အရေးပါအရာရောက်မှုများ၊ အလေးထားဆောင်ရွက်မှုများသည်လည်း တစစနှင့် ကျယ်ပြန့်လာခဲ့ပေသည်။
ထိုကဲသို့
ပွဲတော်များသည် လူသားဖြစ်တည်မှု၏ အရေးပါသော နေရာသို့ ရောက်ရှိလာသည့်နှင့်အတူ အခမ်းအနားများစီမံခန့်ခွဲခြင်းများ၊
ပွဲတော်များစီမံဆောင်ရွက်ခြင်းများ စသော ပညာရပ်များသည်လည်း စီးပွားရေး နှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ
အဆင့်အတန်းတစ်ခုအထိ ကျယ်ကျယ်ပြန့်ပြန့် တိုးဝင်လာခဲ့ ပါသည်။ နိုင်ငံတကာပွဲတော်များနှင့်အခမ်းအနားများဆိုင်ရာအသင်းအဖွဲ့ကြီး
၏ တွက်ချက်မှုများအရ ကမ္ဘာကြီးတွင် တစ်နှစ်ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံမှ ၄၀၀
မီလီယံအထိ အသုံးပြုနေကြသည် ဟု သိရှိရပါသည်။ သက္ကရာဇ် ၂၀၀၂ နှင့် ၂၀၀၃ ခုနစ်တွင် အမေရိကန်နိုင်ငံ
ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်း ၏ စာရင်း၊ဇယားများ အရ အမေရိကန်နိုင်ငံသား ဆယ်ကျော်သက်ခရီးသွားလူငယ်များ၏
၇၅ ရာခိုင်နှုန်း ခန့်သည် ၎င်းတို့၏ ခရီးစဉ်တွင် ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ၊ အခမ်းအနားများကို
တက်ရောက်ခဲ့ကြသည် ဟု ဖော်ပြထားပါသည်။ ထို့အပြင် သက္ကရာဇ် ၁၉၉၉ ခုနစ်တွင် အမေရိကန်ကမ္ဘာလှည့်ခရီးသွားများ၏
ငါးပုံတစ်ပုံ ခန့်သည် သူတို့၏ အားလပ်ရက်ခရီးသွားရက်များတွင် အခမ်းအနား (သို့) ပွဲတော်
တစ်ခုခု သို့ တက်ရောက် ခဲကြသည်ဟုလည်း စာရင်း၊ဇယားများ ကောက်ယူရရှိထားပါသည်။ ထိုကဲသို့
တစ်ကမ္ဘာလုံးမှ ခရီးသွားများ၊ ပြည်သူလူထုများသည် ပွဲတော်များ၊ အခမ်းအနားများ သို့ အများအပြားသွားရောက်မှုများကြောင့်
ပွဲတော်များ၊ အခမ်းအနားများ၊ လူများစုဝေးရာအရပ်များသည် အကြမ်းဖက်သမားများ၏ အဓိက ဦးတည်ရာ
နေရာများ ဖြစ်လာခဲ့ပါသည်။ ထိုမျှသာမက ပွဲတော်များ၊ အခမ်းအနားများအတွင်း မတော်တဆမှုများဖြစ်ပွားခြင်းများ၊
သဘာဝဘေးအန္တရာယ်များ၊ တခြားသော မလိုလားအပ်သည့် ဆိုးကျိုးများ၊ အကျိုးဆက်များကြောင့်
လူသားတို့၏ အသက်များဆုံးရှုံးရခြင်းများ၊ ထိခိုက်ဒဏ်ရာရရှိခြင်းများကို ဖြစ်ပွားစေပါသည်။
ပွဲတော်တိုင်း၊
အခမ်းအနားတိုင်းတွင် များစွာသော ပါဝင်ပတ်သတ်သူများရှိပါသည်။ (ဥပမာအနေဖြင့်- ပွဲတော်ကိုအဓိက
စီမံဆောင်ရွက်သူများ၊ စေတနာ့ဝန်ထမ်းများ၊ ကူညီဆောင်ရွက်သူများ၊ ဝန်ထမ်းများ ရှိသကဲသို့
ပွဲတော်ကိုလာရောက်သူများ၊ လုံခြုံရေးတာဝန်ယူပေးရသော လုံခြုံရေးအဖွဲ့အစည်းများ၊ အစိုးရ
အဖွဲ့ဝင်များ အစရှိသူတို့လည်းပါဝင်ပါသည်။) ထိုပွဲတော်များ၊ အခမ်းအနားများနှင့် ပတ်သတ်ပြီး
ပါဝင်ပတ်သတ် သူများသည် လုံခြုံသော အနေအထားဖြင့် ရှိနေနိုင်ခြင်းသည် ထိုပွဲတော်၊ အခမ်းအနားကို
စီမံခန့်ခွဲရသော မန်နေဂျာ၏ အဓိက တာဝန်ပင်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လုံခြုံရေးသည်
ပွဲတော်များ၊ အခမ်းအနားများ စီမံခန့်ခွဲခြင်း၏ အရေးကြီးဆုံးသော အချက်ဖြစ်ပါသည်။ သို့သော်
အခမ်းအနားတိုင်း၊ ပွဲတော်တိုင်း၏ စီမံခန့်ခွဲခြင်း ကိစ္စရပ်များတွင် များစွာသော စိန်ခေါ်မှုများ
ရှိနိုင်ပါသည်။ (ဥပမာအားဖြင့် - လူဦးရေအဆမတန်များပြားသော ပွဲတော်များကို ထိန်းသိမ်းရခြင်းများ၊
ရောခ့်ဂီတပွဲများတွင် မီးဘေးအန္တရာယ် ကာကွယ်ရခြင်းများ၊ မိမိတာဝန်ယူရသော အခမ်းအနား
(သို့) ပွဲတော်များ ကို အကြမ်းဖက်ဆူပူမှုများ၊ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းများ မဖြစ်အောင်
ဆောင်ရွက်ရခြင်းများ အစရှိသည်တို့ဖြစ်သည်။)
အခမ်းအနားတစ်ခု
(သို့) ပွဲတော်တစ်ခု အောင်မြင်စွာပြီးမြောက်စေရန်အတွက် အဓိကစီမံဆောင်ရွက် ရသော ခေါင်းဆောင်သည်
မတူညီသော အချိန်နှင့် နေရာများတွင် များစွာသော ကူညီဆောင်ရွက်သူများကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်
လိုအပ်ပါသည်။ ထိုကဲသို့ ရှူပ်ထွေးပြီး၊ များပြားလှသော လုပ်ငန်းဆောင်တာများ အတွင်းတွင်
အဓိကစီမံခန့်ခွဲသော လုပ်ငန်းအဖွဲ့အစည်းနှင့် တစ်ဦးချင်းသီးခြားတာဝန်များကို ထမ်းဆောင်ရ သောသူများအကြားတွင် တိကျသောလုပ်ငန်းခွဲဝေမှုများ၊
ပူးပေါင်းဆောင်ရွက်မှုများ၊ ရှင်းလင်းတိကျသော ဆက်သွယ်ရေးပုံစံများ ထားရှိရန် အလွန်အရေးကြီးပါသည်။
ထို့အပြင် အဓိက စီမံဆောင်ရွက်ရသော
ခေါင်းဆောင်များ၊
လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရသော သူများ သည်လည်းဘေးအန္တရာယ် ကင်းရှင်းရေး နှင့် လုံခြုံရေးဆိုင်ရာ
ဗဟုသုတများ၊ နည်းစနစ်များကို သိရှိထားရန် လိုအပ်ပြီး အရေးပေါ်ဘေးအန္တရာယ်များ ပေါ်ပေါက်လာပါကလည်း
မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်နိုင်မည် တို့ကို ကြိုတင်စီမံထားရှိရန် လိုအပ်ပါသည်။ ထိုကဲသို့
စီမံခန့်ခွဲရာတွင် သမားရိုးကျ မိရိုးဖလာ နည်းလမ်းများဖြင့် ဖြေရှင်းခြင်းများထက်
An Information System enabled Knowledge Management (KM) System အစရှိသော နည်းလမ်းများဖြင့်ဖြေရှင်းခြင်းသည်
ပိုမိုကောင်မွန်ပြီး၊ အန္တရာယ်လျော့ချနိုင်မှုအနည်းဆုံးသော နည်းလမ်းများပင်ဖြစ်ပေသည်။
Comments
Post a Comment