အမျိုးသားလုံခြုံရေးမူဝါဒဆိုသည်မှာ အဘယ်နည်း။

          အမျိုးသားလုံခြုံရေးမူဝါဒဆိုသည်မှာ နိုင်ငံတော်၏လုံခြုံရေး (State’s Security) နှင့် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ/လူထုတို့၏ လုံခြုံရေး (Citizens’ Secuirty) ကို ကာကွယ်ပေးရန် နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြုထားသော ရေးသားဖော်ပြချက်ဖြစ်ပါသည်။ ထိုမူဝါဒကို နိုင်ငံတော်၏ လုံခြုံသော ဝန်းကျင်ကို ခြိမ်းခြောက်နေသော အရာများ၊ နိုင်ငံတော်နှင့် လူသားလုံခြုံရေးတို့၏ အခြေခံတန်ဖိုးစံများ၊ သဘောတရားများကို အခြေခံလျှက် ရေးဆွဲရပါသည်။ ထိုမူဝါဒသည် တခြားသော အမျိုးသားလုံခြုံရေး မဟာဗျူဟာများ (National Security Strategy)၊ စီမံကိန်းများ ကဲသို့သော အရာများနှင့် ပေါင်းစပ်ပြီး အမျိုးသားရေးမျှော်မှန်းချက်များ (National Visions) ကို ချမှတ်ကောင်အထည်ဖော်ဆောင်ရွက် ရပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒသည် တစ်ခုတည်းသော စာတမ်းတစ်စောင် (Single Document) လည်းဖြစ်နိုင်ပြီး အများအားဖြင့် ရှိရင်စွဲမူဝါဒများကို ပေါင်းစပ်ထားသော မူဝါဒစာတမ်း (Integrated Policy) လည်း ဖြစ်နိုင်ပါသည်။
          အမျိုးသားလုံခြုံရေးမူဝါဒသည် ဥပဒေ မဟုတ်သော်လည်း အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ၊ လုံခြုံရေးဆိုင်ရာ အစီအမံများ၊ စီမံခန့်ခွဲမှုများအတွက် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အတွက် အစိုးရ၏ စွဲကိုင်ရမည့် လမ်းညွှန်းတစ်ခုဖြစ်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒသည် လုံခြုံရေးရာကဏ္ဍများ နှင့် ကောင်းမွန်သော အစိုးရဖြစ်ထွန်းစေရန် အဓိကအထောက်အကူပြုပေးပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒကို အမျိုးသားအကျိုးစီးပွားနှင့် တန်ဖိုးစံများ၊ အစိုးရဖွဲ့စည်းပုံနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်များ၊ နိုင်ငံတော်၏ ရေရှည်မျှော်မှန်းချက်များနှင့် လူသားလုံခြုံရေး အစရှိသော အရာတို့ကို အခြေပြုပြီး ရေးဆွဲလေ့ရှိကြပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒကို လက်ရှိအစိုးရ (Current Government) နှင့် အခြားသော နိုင်ငံတော် အင်စတီကျုးရှင်း (State Institutions) များ၏ အမြင်ရှူ့ထောင့်သာမက ဒီမိုကရေစီနည်းအရ ကိုယ်စားပြုခြင်း (သို့) လူထုဆန္ဒခံယူပွဲများမှ တဆင့် နိုင်ငံသား (ကျား/မ မရွေး) တို့၏ ဆန္ဒသဘောထားများကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။
          ယေဘူယျအားဖြင့် အမျိုးသားလုံခြုံရေးမူဝါဒ တွင် အောက်ပါအချက်အလက်များပါဝင်ပါသည်။
၁။       မျှော်မှန်းချက်နှင့်ရည်ရွယ်ချက်များ
          အနာဂတ်တွင်ဖြစ်ပေါ်လိုသော နိုင်ငံတော်၏ အခြေအနေသွင်ပြင် များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ရှင်းလင်းပြီး၊ လက်တွေ့ဆန်သော၊ လက်ရှိပစ္စပ္ပုန်ပေါ်တွင် အခြေခံသည့် မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များဖြစ်ရန် လိုအပ်ပါသည်။
၂။       တန်းဖိုးစံများနှင့်အခြေခံသဘောတရားများ
          နိုင်ငံတကာမှလက်ခံကျင့်သုံးနေကြသော လူ့အခွင့်အရေးနှင့် ကျား/မရေးရာတန်းတူညီမျှမှုတန်ဖိုးစံများ အပါအဝင် နိုင်ငံတော်၏ မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မဟာဗျူဟာများ ဖြစ်ရန် လိုအပ်ပါသည်။
၃။       အမျိုးသားအကျိုးစီးပွားနှင့်ဗျုဟာမြောက်အခင်းအကျင်း
          ပြည်တွင်းရေးရာ၏ အကြောင်းအရာများ၊ ဦးစားပေးစိန်ခေါ်ချက်များ အပါအဝင် နိုင်ငံတော်၏ လုံခြုံရေး ကို ခြိမ်းခြောက်နေသော ဦးစားပေးအကြောင်းအရာများ ပါဝင်ရန် လိုအပ်ပါသည်။
၎။       နိုင်ငံတကာကျင့်ဝတ်များ
နိုင်ငံတကာမှ ကဏ္ဍစုံပါဝင်သော ကျင့်ဝတ်များ၊ ဥပဒေရေးရာ သဘောတူညီချက်များ ပါဝင်သော နိုင်င့တကာလုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်များကို နိုင်ငံတော်၏ အမြင်များ၊ သဘောထားများ ပါဝင်ရန် လိုအပ်ပါသည်။
၅။       ပစ္စပ္ပန်နှင့်အနာဂတ် ၏ ခြိမ်းခြောက်မှုများ၊ ဘေးအန္တရာယ်များ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ
          နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသော၊ ဆုံးရှုံးစေသော၊ နစ်နာစေသော ပြည်တွင်း၊ ပြည်ပမှ အချက်အလက်များကို စနစ်တကျ စုစည်းထားသော ဖော်ပြချက်များနှင့် ကာကွယ်ဆောင်ရွက်ရန် အတွက် စီမံချက်များပါဝင်ရန် လိုအပ်ပါသည်။
        


Comments